Upcoming Myanmar's Motion Picture Academy Awards news:

December 4, 2010 0

ဒါရိုက်တာ မီးပွားရိုက်ကူးပြီး နေတိုး၊ နန္ဒာလှိုင်၊ ဟဲဗီးဖြိုးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသော “ဇော်ကကနေသည်”၊ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပြီး အောင်သူရ၊ အိန္ဒြာကျော်ဇင်၊ ခိုင်နှင်းဝေ၊ ဇင်မျိုးတို့ အဓိက သရုပ်ဆောင်ထားသော “အတိတ်ရဲ့အရိပ်”၊ ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးပြီး နေတိုး၊ အိန္ဒြာကျော်ဇင်၊ ကျော်ကျော်ဗို၊ မိုးယုစံတို့ သရုပ်ဆောင်ထားသော “ကြိုးကြာ တောင်ပံခတ်သံ” ဇာတ်ကားနှင့် ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး မြင့်မြတ်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုတို့ သရုပ်ဆောင်ထားသော “ကျောက်စက်ရေ” ဇာတ်ကား၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးပြီး နေတိုး၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်နှင့် စိုးပြည့်သဇင်တို့ သရုပ်ဆောင်ထားသော “မိုးညအိပ်မက်မြူ” ဇာတ်ကားတို့  ဖြစ်သည်။ ယင်းဇာတ်ကားငါးကားအနက် “ကြိုးကြာတောင်ပံခတ်သံ”နှင့် “ကျောက်စက်ရေ” ဇာတ်ကားတို့မှာ ရုံတင်ပြသခြင်း မရှိသေးပေ။ ဒရာမာဇာတ်ကား ငါးကားတွင် နေတိုးက သုံးကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ကျန်ဟာသကား ၁၁ကားတွင်လည်း နေတိုး၏ ဇာတ်ကားသုံးကားပါဝင်ပြီး “မာမီရှိန်း”မှာ မိန်းမတစ်ဦးပုံစံဖြင့် သရုပ်ဆောင်ချက်များကလည်း ပီပြင်ခဲ့သောကြောင့် ၂၀၀၉ ခုနှစ်သည် နေတိုး၏ ရင်ခုန်ရမည့်နှစ်ဟု ခန့်မှန်းနေကြကြောင်းလည်း သိရသည်။ ၂၀၀၉ ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများမှာ ဟော့ရှော့ ၂၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ၊ ချစ်လို့စတာ၊ ဇော်ကကနေသည်၊ á€
žá€°á€„ယ်ချင်းယောက္ခမ၊ မာမီရှိန်း၊ ပင်လယ်ကိုဖြတ်၍၊ ရှော့ရှိတဲ့အချစ်များ၊ အတိတ်ရဲ့အရိပ်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ ကျောက်စက်ရေ၊ အတည်ပေါက်နောက်တဲ့လူနှင့် ဝါဆိုဖယောင်းတိုင်တို့ ဖြစ်ကြသည်။

 

source: အေးသူစံ (7Day News Journal)

mjmedina
mjmedina