Humanitarian Donation – Donated US$1,000 to Mae Sot, Thailand

Humanitarian Donation – Donated US$1,000 to Mae Sot, Thailand

November 12, 2023 0
မဲဆောက်မြို့မှာ CDM တွေကို ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ ရောင်းပေးနေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ခေတ္တခိုလှုံနေကြတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ CDM ကျောင်းသားလူငယ်တွေဟာ နေထိုင်စားသောက်ရေး အခက်အခဲရှိကြပါတယ်။အဲဒီအခက်အခဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်(ဟောင်း) ကိုမင်းသွေးသစ် ဦးဆောင်တဲ့အဖွဲ့လေးက ထမင်းတစ်နပ် ၁၅ ဘတ် (မြန်မာကျပ်ငွေ တစ်ထောင့်သုံးရာ ဝန်းကျင်) လောက် နဲ့တစ်ပတ်မှာ နှစ်ကြိမ်ချက်ပြုတ်ရောင်းချပေးနေပါတယ်။

ဒီအစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန်ကွန်ယက် (Network Myanmar American) အဖွဲ့က ဒေါ်လာတစ်ထောင်အပါအဝင် နယူးယောက်ပြည်နယ်ဘတ်ဖလိုးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းနိုင်က သူ့မိတ်ဆွေတချို့နဲ့တိုင်ပင်ပြီး ဒေါ်လာ ငါးထောင်လောက်မတည်ပေးခဲ့တာလို့ ကိုမင်းနိုင်ကပြောပြပါတယ်။

Aung Naing
Aung